ဟေဗြဲ/ဩဝါဒစာ
သားတော်/မှတစ်ဆင့် ဖွင့်ပြတော်မူခြင်း
1
ရှေး/ကာလ/၌ ဘုရားသခင်/သည် ကျွန်ုပ်တို့/၏ ဘိုးဘေးများ/ကို ပရောဖက်များ/မှတစ်ဆင့် အကြိမ်ကြိမ် နည်းလမ်း/အမျိုးမျိုး/ဖြင့် စကားပြောတော်မူ၏။ 2 ဤ/နောက်ဆုံးသော/နေ့ရက်များ/တွင်/မူ ဘုရားသခင်/သည် မိမိ/သားတော်/မှတစ်ဆင့် ကျွန်ုပ်တို့/အား စကား/ပြောတော်မူ၏။ ဘုရားသခင်/သည် သားတော်/ကို အရာ/အားလုံး/၏ အမွေခံ/ဖြစ်စေတော်မူ/ပြီး ထို/သားတော်/အားဖြင့် စကြဝဠာ/ကို ဖန်ဆင်းတော်မူ၏။ 3 သားတော်/သည် ဘုရားသခင်/၏ ဘုန်းရောင်ခြည်/နှင့် ထွန်းတောက်/လျက်/ရှိပြီး ဘုရားသခင်/၏ စစ်မှန်သည့် စရိုက်/လက္ခဏာ/ကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်/သည် မိမိ/၏/တန်ခိုးကြီးသော အမိန့်တော်/ဖြင့် အရာ/အားလုံး/ကို တည်တံ့/စေတော်မူ/ကာ လောကီသားတို့/၏ အပြစ်များ/ကို ဖယ်ရှား/ပြီးနောက် အထက်/ကောင်းကင်ဘုံ/၌ ဘုန်းကြီးသော/တန်ခိုးရှင်/၏ လက်ယာတော်/ဘက်/၌ ထိုင်တော်မူ၏။ 4 သားတော်/သည် ကောင်းကင်တမန်တို့/ထက် ကြီးမြတ်သော/နာမ/ကို ရရှိသည်/နှင့်/အညီ ကောင်းကင်တမန်တို့/ထက် အလွန်/ကြီးမြတ်တော်မူ၏။
ကောင်းကင်တမန်တို့/ထက် ကြီးမြတ်တော်မူသော/သားတော်
5 ဘုရားသခင်/သည် မည်သည့်/ကောင်းကင်တမန်/ကို/မျှ
“သင်/သည် ငါ့/သား/ဖြစ်၏။
ယနေ့/ပင် ငါ/သည် သင်/၏ ဖခင်/ဖြစ်လာ၏”a
ဟူ၍ လည်းကောင်း၊
“ငါ/သည် သူ/၏/ဖခင်/ဖြစ်မည်။
သူ/သည် ငါ့/သား ဖြစ်/လိမ့်မည်”b
ဟူ၍ လည်းကောင်း မိန့်တော်မမူခဲ့။
6 ဘုရားသခင်/သည် မိမိ/၏/သားဦး/ကို ဤ/လောက/သို့ စေလွှတ်တော်မူ/သောအခါ
“ဘုရားသခင်/၏ ကောင်းကင်တမန်/အားလုံးတို့/သည် ထို/အရှင်/ကို ကိုးကွယ်/ရမည်”c
ဟု မိန့်တော်မူ၏။
7 ဘုရားသခင်/သည် ကောင်းကင်တမန်များ/အကြောင်း/ကို ဖော်ပြ/ရာတွင်
“ကိုယ်တော်/သည် မိမိ/၏/ကောင်းကင်တမန်များ/ကို လေ/ကဲ့သို့ ဖြစ်စေတော်မူ၏။
မိမိ/၏/အမှုထမ်းများ/ကို မီးလျှံ/ကဲ့သို့ ဖြစ်စေတော်မူ၏”d
ဟု မိန့်တော်မူ၏။ 8 သို့သော် သားတော်/နှင့် ပတ်သက်၍
“အို ဘုရားသခင်… ကိုယ်တော်/၏/ရာဇပလ္လင်/သည် ထာဝရ/တည်တံ့၏။
ကိုယ်တော်/၏/နိုင်ငံတော်/သည် တရားမျှတမှု/ဖြင့် အုပ်စိုးသော/နိုင်ငံ ဖြစ်ပါ၏။
9 ကိုယ်တော်/သည် ဖြောင့်မတ်ခြင်း/ကို နှစ်သက်/ပြီး တရားမဲ့ခြင်း/ကို မုန်းတော်မူ၏။
ထို့ကြောင့် ကိုယ်တော်/၏ ဘုရားသခင်/တည်းဟူသော ဘုရားသခင်/သည် ကိုယ်တော်/၏ အပေါင်းအဖော်များ/ထက် ကိုယ်တော်/ကို ချီးမြောက်/ကာ
ဝမ်းမြောက်ခြင်း/ဆီ/သွန်းလောင်း/၍ ခန့်ထားတော်မူသည်”e
ဟု မိန့်တော်မူ၏။ 10 ထို့ပြင် ဘုရားသခင်/သည် မိမိ/သားတော်/အား
“ထာဝရဘုရား… ကိုယ်တော်/သည် အစအဦး/၌ မြေကြီး/ကို တည်/၍
ကိုယ်တော်/၏ လက်တော်/ဖြင့် ကောင်းကင်/ကို ဖန်ဆင်းတော်မူ၏။
11 ကောင်းကင်/နှင့်/မြေကြီး ပျက်စီးသွားမည် ဖြစ်/သော်လည်း ကိုယ်တော်/သည် ထာဝရ/တည်တော်မူ/လိမ့်မည်။
ကောင်းကင်/နှင့်/မြေကြီး/သည် အဝတ်/ကဲ့သို့ ဟောင်းနွမ်းသွား/လိမ့်မည်။
12 ကိုယ်တော်/သည် ကောင်းကင်/နှင့် မြေကြီး/ကို ဝတ်ရုံ/သဖွယ်/ခေါက်တော်မူ/သဖြင့်
၎င်းတို့/သည် အဝတ်လဲ/သကဲ့သို့ ပြောင်းလဲ/လိမ့်မည်။
သို့ရာတွင် ကိုယ်တော်/သည် ပြောင်းလဲတော်မမူ။
ကိုယ်တော်/၏ အသက်တော်/သည်/လည်း ကုန်ဆုံးတော်မမူ”
ဟု မိန့်တော်မူ၏။ 13 ဘုရားသခင်/သည် မည်သည့်/ကောင်းကင်တမန်/ကို/မျှ
“သင်/၏/ရန်သူတို့/ကို
သင်/၏/ခြေတင်ခုံ/မဖြစ်စေမီ/အထိ
ငါ/၏ လက်ယာဘက်/၌ ထိုင်လော့”f
ဟု မိန့်တော်မမူခဲ့ပေ။ 14 သို့ဖြစ်လျှင် ကောင်းကင်တမန်များ/သည် ကယ်တင်ခြင်း/အမွေခံမည့်/သူများ/ကို အစေခံ/ရန် ဘုရားသခင်/စေလွှတ်တော်မူသော အစေခံ/ဝိညာဉ်များ ဖြစ်ကြသည်/မဟုတ်လော။